Monday, 20 December 2021

Gangaw peng Hnankha Khua PDF 9 Thihnak

Gangaw peng Hnankha khua PDF pawl cu ralhrang nih vanlawngin bom an thlak hna pinah meithal ngan in an kah hna caah minung 9 an nunnak a liam tiah theih asi.

 Meeting an tuah lio ah ruah lo piin vanlawngin bom an thlak hna pinah meithal in an kah hna caah mah vialte minung an nunnak a liam hi asi.

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့နေ့မှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် ၉ ဦးကို ဒီနေ့ နေ့လယ်မှာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ Gangaw Battalion PDF ဆီက သိရ ပါတယ်။ 

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှာ ဒီဇင်ဘာ ၁၇ ရက်က BG – PDFနဲ့ အခြား PDF တို့ အစည်းအဝေးလုပ်နေချိန်မှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့လည်း ပစ်ခဲ့တာကြောင့် ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး ဒီနေ့မှမီးသင်္ဂြိုလ်ခဲ့တာဖြစ်တယ်လို့ BG – PDFရဲ့တာဝန်ခံတဦးက ပြောပါတယ်၊။

"ကျဆုံးရဲဘော်တွေကတော့ခုမှ မီးသဂြိုလ်နေတာ၊ စုစုပေါင်းက ရဲဘော် ၉ ယောက်ကျဆုံးပါတယ်" လို့ပြောပါတယ်။ 

ကျဆုံးတဲ့ရဲဘော်တွေဟာ BG – PDF ကရဲဘော် ၂ ဦး၊ မွှေ့လယ် PDF က ၄ဦး၊ နှမ်းခါး PDF က ၂ ဦး၊ အတည်မပြုနိုင်သေးတဲ့ PDF ၁ ဦးတို့ ဖြစ်တယ်လို့ BG – PDF ရဲ့တာဝန်ခံတဦးက ပြောပါတယ်၊။

နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေက မကြာခဏဆိုသလို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးတာတွေရှိနေတဲ့အတွက် ရွာသားတွေအနေနဲ့လည်း ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။ 


ပုံ-မြေလတ်အသံ

Friday, 10 December 2021

December 10.2021 CDF Pasalțha Pathum Ruak Vuinak.

CDF-Thantlang Pasal Salai Bawi Za Uk Ruak Nihin Zaanlei ah an Vui

---------

December 8, Thantlang khuachung kahdohnak ah a nunnak a liammi Zephai khuami CDF-Thantlang pasal Salai Bawi Za Uk ruak cu nihin zaanlei ah an khua ah an vui cang, tiah thawng kan theih. 


Khuami pakhat nih, "Nihin chunhnu sml. 2:15 hrawng ah a ruak an rak phakpi i zaanlei sml. 5:30 ah kan vui," tiah The Chin Journal ah a chim. 


December 8 ah CDF-Thantlang in Salai Ram Lian Peng, Salai Van Tha Ceu le Salai Bawi Za Uk nih ram le miphun ca ah an nunnak an pek. 


-The Chin Journal






 

Thursday, 9 December 2021

Minung 11 Mei Khangh In Ralhrang Nih An Thah Hna.

Kawlrawn Salinci khuapi pawngte khuate pakhat ah ral a zammi hna minung 11 cu ralhrang nih àn tlah hna i a nung bu in mei in an khangh hna tiah December 7.2021 khan thawngpang a chuak.
A tang i min cazin pawl hi mei khangh in an thahmi hna asi.


 

Wednesday, 1 December 2021

PDF Minkin Nih Ralhrang bawi buci Khanh Zaw Let An Thah


  မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် အရာရှိမှာ ဗိုလ်ကြီးခန့်ဇော်လတ်ဖြစ်ဟုဆို၊ ရဟတ်ယာဉ်ဖြင့် အလောင်းသယ်ပြီး မုံရွာတွင် ယနေ့ သဂြိုလ်ပြီးစီး


ရန်ကုန်၊ ဒီဇင်ဘာ ၁ 


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခတ်ကျေးရွာအနီး နိုဝင်ဘာလ ၃၀ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသွားသော အရာရှိမှာ ဗိုလ်ကြီးခန့်ဇော်လတ်ဖြစ်ပြီး ၎င်း၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ် ဆောင်ကာ ယနေ့ မုံရွာရှိ နမခ စစ်သင်္ချိုင်းတွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် RNA ထံမှ သိရှိရသည်။ 


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဖတ်ခတ်ကျေးရွာအနီး ယမန်နေ့နိုဝင်ဘာ ၃၀ ရက်နေ့မှာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ချင်းတွင်းမြစ်ရိုးအောက်ဒေသ (ပကဖ)နှင့် အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ကြီး ခန့်ဇော်လတ်အပါအဝင် တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း၊ ဗိုလ်ကြီးခန့်ဇော်လတ်၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


ဗိုလ်ကြီးခန့်ဇော်လတ်၏ နာရေးကိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ၃နာရီမှာ နမခစစ်သင်္ချိုင်းတွင်  သဂြိုလ်သွားမည်ဖြစ်ပြီး ၎င်း၏နောက်ဆုံးခရီးကို အရာရှိကြီးတချို့ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်နုတ်ဆက်ခဲ့ကြောင်း၊ သေဆုံးသွားသည့် ဗိုလ်ကြီးခန့်ဇော်လတ်သည် မုံရွာသားတစ်ဦးဖြစ်တယ်လိူ့ သိရှိရပြီး သူ့အမျိုးသမီးကတော့ မုံရွာတက္ကသိုလ်မှ ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရှိရသည်။


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၈ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရဟတ်ယာဉ်ဖြင့်  အရာရှိအလောင်းသယ်ဆောင်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မြစ်ရိုးအောက်ဒေသ (ပကဖ)က သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး။