Wednesday, 18 April 2018

Cawn Bik paralțha

🆔  ၾကြမ္ဘိ (ဗိုလ်ဆွန်ပတ်)
●○●○●○●○●○●○●○●○●○●○●○●○●○●○●○

■ ချင်း တော်လှန်ရေး ခေါင်းဆောင် ကြွမ်ဘိ (Cawn Bik) သို့မဟုတ်​ ဆွန်​ပတ်​ (Sonpek)

■ ဗိုလ်ဆွန်ပတ် အမည်ဖြင့် လူသိများ

■ တာစွန်း ချင်း မျိုးနွယ် ​ခေါင်းဆောင် ဦးကိပ်ဘိတ် နှင့် ဒေါ်ဇတိလ် တို့မှ ချင်းတောင် ဖလမ်းနယ် တာစွန်းရွာ၌ ၁၈၃၄ ခုနှစ်တွင် မွေးဖွား

■ အသက် ၂၂ နှစ် အရွယ်တွင် ဖခင်၏ တာစွန်း ချင်း မျိုးနွယ် ​ခေါင်းဆောင် အရိုက်အရာကို ဆက်ခံ

■ ဇနီး ဒေါ်ကိန်းကြွယ် နှင့် အခြား ဇနီး တစ်ယောက် ရှိ

■ သားသမီး ၆ ဦးရှိ

■ သားသမီးများတွင် ဗန်းမွန်း (ဗန်မှုန်း) မှာ အထင်ရှားဆုံး ဖြစ်

■ ဗြိတိသျှတပ်များကို ဟောက်မန်း ဆွန်အွန် ကိမ်းလန်း စသော ချင်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့

■ ပုဂံ မြင်းခြံနယ်မှ ဆုတ်ခွာလာသော ရွှေချိုးဖြူ မင်းသားနှင့်လည်း ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့

■ ဗြိတိသျှများသည် ကြွမ်ဘိ ကို မဖမ်းနိုင်သောအခါ ကြွမ်ဘိ ၏ သားဖြစ်သူ ဗန်မွန်း (ဗန်မှုန်း) အား ဖမ်းဆီးခဲ့

■ ဗန်မွန်း သည် ဖခင်ဖြစ်သူ ကြွမ်ဘိ အား လွတ်ငြိမ်းချမ်းသာခွင့် ပေးပါက ချင်းတိုင်းရင်းသားများ လက်နက်ချမည်ဟု ကတိပေး

■ ဗန်မွန်း ၏ ကတိစကားကို ဗြိတိသျှတို့က လက်ခံခဲ့သဖြင့် ကြွမ်ဘိ ၏ နယ်ချဲ့ဆန့်ကျင်ရေးမှာ ရပ်စဲသွားခဲ့

■ ၁၉၁၀ ဧပြီ ၁၁ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်

■ ၎င်းအား ဂုဏ်​ပြု​သောအားဖြင့်​ ရန်​ကုန်​မြို့  ထဲမှ လမ်းတစ်​လမ်း၏ အမည်​အား ဗိုလ်​ဆွန်​ပတ်​လမ်း ဟု မည့်​​ခေါ်​လေ၏
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄