Monday, 20 December 2021

Gangaw peng Hnankha Khua PDF 9 Thihnak

Gangaw peng Hnankha khua PDF pawl cu ralhrang nih vanlawngin bom an thlak hna pinah meithal ngan in an kah hna caah minung 9 an nunnak a liam tiah theih asi.

 Meeting an tuah lio ah ruah lo piin vanlawngin bom an thlak hna pinah meithal in an kah hna caah mah vialte minung an nunnak a liam hi asi.

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့နေ့မှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော် ၉ ဦးကို ဒီနေ့ နေ့လယ်မှာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ Gangaw Battalion PDF ဆီက သိရ ပါတယ်။ 

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှာ ဒီဇင်ဘာ ၁၇ ရက်က BG – PDFနဲ့ အခြား PDF တို့ အစည်းအဝေးလုပ်နေချိန်မှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့လည်း ပစ်ခဲ့တာကြောင့် ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး ဒီနေ့မှမီးသင်္ဂြိုလ်ခဲ့တာဖြစ်တယ်လို့ BG – PDFရဲ့တာဝန်ခံတဦးက ပြောပါတယ်၊။

"ကျဆုံးရဲဘော်တွေကတော့ခုမှ မီးသဂြိုလ်နေတာ၊ စုစုပေါင်းက ရဲဘော် ၉ ယောက်ကျဆုံးပါတယ်" လို့ပြောပါတယ်။ 

ကျဆုံးတဲ့ရဲဘော်တွေဟာ BG – PDF ကရဲဘော် ၂ ဦး၊ မွှေ့လယ် PDF က ၄ဦး၊ နှမ်းခါး PDF က ၂ ဦး၊ အတည်မပြုနိုင်သေးတဲ့ PDF ၁ ဦးတို့ ဖြစ်တယ်လို့ BG – PDF ရဲ့တာဝန်ခံတဦးက ပြောပါတယ်၊။

နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေက မကြာခဏဆိုသလို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးတာတွေရှိနေတဲ့အတွက် ရွာသားတွေအနေနဲ့လည်း ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။ 


ပုံ-မြေလတ်အသံ

No comments:

Post a Comment