Sunday, 18 July 2021

Ralhrang Khawngcil Nih Civilian Pali An Thah Hna.





 စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၁၈ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်များက ယမန်နေ့ညပိုင်းက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ဒေသခံများက အတည်ပြုပြောဆိုကြသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်း ဆိပ်ခွန်ကျေးရွာတွင် စစ်ကောင်စီတပ်များက ပစ်သတ်လိုက်သည့် လူငယ် ၄ ဦးမှာ ကိုသက်စိုး၊ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ပိုင်ထွေးနှင့်ကိုအောင်ဟိန်းကျော်တို့ဖြစ်ပြီး ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။ 

"မနေ့ညပိုင်း စစ်တပ်က ည ၁၀ နာရီလောက်ကတည်းက ရွာကို ပတ်လည်၀ိုင်းပြီး သေနတ်တွေပစ်တယ်။ ဗုံးတွေခွဲတယ်။  ည  ၁ နာရီလောက်မှာ ဆိပ်ခွန်ကျေးရွာနားမှာ သေနတ်ပစ်ခတ်သံ အချက်ပေါင်းများစွာ ကြားရတယ်။ လူငယ် ၄ ဦးက သူတို့ လာတဲ့အချိန်မှာ ထွက်ပြေးလို့ ပစ်သတ်တယ်လို့ပြောတယ်။  တစ်ညလုံး ရွာကို ၀ိုင်းပြီး ပစ်ခတ်သတ်ဖြတ်တဲ့သဘောပဲ။ ပြေးတဲ့လူတွေက ပြေးကြပြီးပြီ။ သက်သက် ရွာကို ဝင်ပြီး အနိုင်ကျင့် သတ်ဖြတ်တာပါပဲ" ဟုဒေသခံတစ်ဦးက ဆိုသည်။ 

သေဆုံးသူလူငယ် ၄ ဦးသည် အရပ်သားများဖြစ်ပြီး ရိုးသားစွာ နေထိုင်စားသောက်ကြသူများဖြစ်ကြောင်း၊ လက်ရှိအချိန်အထိလည်း ရုပ်အလောင်းများ ပြန်လည် မရရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။