မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် အရာရှိမှာ ဗိုလ်ကြီးခန့်ဇော်လတ်ဖြစ်ဟုဆို၊ ရဟတ်ယာဉ်ဖြင့် အလောင်းသယ်ပြီး မုံရွာတွင် ယနေ့ သဂြိုလ်ပြီးစီး
ရန်ကုန်၊ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခတ်ကျေးရွာအနီး နိုဝင်ဘာလ ၃၀ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသွားသော အရာရှိမှာ ဗိုလ်ကြီးခန့်ဇော်လတ်ဖြစ်ပြီး ၎င်း၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ် ဆောင်ကာ ယနေ့ မုံရွာရှိ နမခ စစ်သင်္ချိုင်းတွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် RNA ထံမှ သိရှိရသည်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဖတ်ခတ်ကျေးရွာအနီး ယမန်နေ့နိုဝင်ဘာ ၃၀ ရက်နေ့မှာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ချင်းတွင်းမြစ်ရိုးအောက်ဒေသ (ပကဖ)နှင့် အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ကြီး ခန့်ဇော်လတ်အပါအဝင် တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း၊ ဗိုလ်ကြီးခန့်ဇော်လတ်၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဗိုလ်ကြီးခန့်ဇော်လတ်၏ နာရေးကိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ၃နာရီမှာ နမခစစ်သင်္ချိုင်းတွင် သဂြိုလ်သွားမည်ဖြစ်ပြီး ၎င်း၏နောက်ဆုံးခရီးကို အရာရှိကြီးတချို့ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်နုတ်ဆက်ခဲ့ကြောင်း၊ သေဆုံးသွားသည့် ဗိုလ်ကြီးခန့်ဇော်လတ်သည် မုံရွာသားတစ်ဦးဖြစ်တယ်လိူ့ သိရှိရပြီး သူ့အမျိုးသမီးကတော့ မုံရွာတက္ကသိုလ်မှ ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၈ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရဟတ်ယာဉ်ဖြင့် အရာရှိအလောင်းသယ်ဆောင်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မြစ်ရိုးအောက်ဒေသ (ပကဖ)က သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး။
No comments:
Post a Comment