Tuesday, 6 July 2021
7.7.1962 Burma
"၇. ၇. ၆၂ မမေ့ကြနဲ့"
ဆဲဗင်းဇူလိုင်လို့ ကျနော်တို့ သုံးနှုန်းရည်ညွှန်းကြတဲ့ (၇ ရက်၊ ဇူလိုင်လ ၁၉၆၂ ခု) ဟာ မြန်မာ့နိုင်ငံရေးသမိုင်း၊ ကျောင်းသားနိုင်ငံရေးသမိုင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။
အတိတ်သမိုင်းကို ဆောင်ရရင် ဒီမိုကရေစီနည်းကျ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ဦးနုအစိုးရဆီကနေ မတ်လ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ခေါင်းဆောင် ဗိုလ်နေဝင်းက လက်နက်အားကိုး အနိုင်ကျင့် အာဏာသိမ်းခဲ့ပါတယ်။ ပြောရရင် အခု ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဟာ အဲ့တုန်းက သမိုင်းတစ်ကျော့ပြန်လည်တဲ့ သဘောပါပဲ။
အဲ့တုန်းက ဗိုလ်နေဝင်းစစ်တပ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြကြရာမှာလည်း ကျောင်းသားလူငယ်တွေက ရှေ့တန်းက ဦးဆောင်ခဲ့ကြတာပါပဲ။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေအပါအဝင် ကျောင်းသားလူငယ်တွေဟာ ဗိုလ်နေဝင်း စစ်အာဏာရှင်ကို ရှေ့တန်းကနေ ဦးဆောင်တော်လှန်ခဲ့ကြတယ်။ ဒါ့ကြောင့်လည်း စစ်တပ်က ကျောင်းသားတွေကို အထူးအညှိးထား၊ သဲကြီးမဲကြီး အကြမ်းဖက် တုန့်ပြန်ခဲ့ပါတယ်။
အာဏာရှင်ဗိုလ်နေဝင်းရဲ့ လက်ပါးစေ ခါးပိုက်ဆောင်စစ်သားတွေဟာ ၇ ရက်၊ ဇူလိုင်လ ၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲထိ ကျူးကျော်ဝင်ရောက်လာပြီး တက္ကသိုလ်ကျောင်းသားတွေကို စက်သေနတ်တွေ အသုံးပြုပြီး
ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ကိုနု၊ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းစတဲ့ ကျောင်းသားခေါင်းဆောင်အဆက်ဆက်ကို မွေးထုတ်ပေးလိုက်တဲ့ သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဇူလိုင်လ ၈ ရက်နေ့ နံနက်ခင်းပိုင်းမှာ စစ်အာဏာရှင်တွေက စစ်တပ်သုံးဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲဖျက်ဆီးလိုက်ကြပါတော့တယ်။ တစ်ပြိုင်နက်မှာပဲ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း အာဏာရှင်တွေက ဖြိုချဖျက်ဆီးခဲ့ပါတယ်။ ဒီ "ဆဲဗင်းဇူလိုင်" အရေးတော်ပုံကြီးမှာ စစ်အာဏာရှင်လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျောင်းသားအာဇာနည်ပေါင်း ရာဂဏန်းထိ ရှိခဲ့ပြီး ဖမ်းဆီးခံရသူ၊ ပျောက်ဆုံးသွားသူတွေလည်း များစွာ ရှိခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးကို မမေ့မပျောက်ကြဖို့ ဒီသမိုင်းဝင် "၇.၇.၆၂ မမေ့ကြနဲ့" ဆိုတဲ့ စာသားကို ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီးမှာ ထိခိုက်ဒဏ်ရာရ ကျောင်းသားတစ်ဦးက သူ့ခန္ဓာကိုယ်မှ သွေးနဲ့ ကျောင်းဆောင်နံရံမှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီးနဲ့စပ်လျဉ်းပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း "ဒီ (သမဂ္ဂ) အဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို မရပါဘူး" လို့ ကျောင်းသားများကို ဖော်ကျူး၊ ဂုဏ်ပြုမိန့်ကြားခဲ့ပါတယ်။
ယခုဆိုရင် ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီးသည် (၅၉) နှစ်ပြည့်မြောက်ပါတော့မယ်။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ မပြီးမြောက်သေးတဲ့ အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံကြီးကို ဆက်လက်ဆင်နွှဲနေကြဆဲပဲ ဖြစ်ပါတယ်။
မျိုးဆက် အဆင့်ဆင့်လက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ဆဲဗင်းဇူလိုင်စိတ်ဓာတ်၊ မဟုတ်မခံ၊ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်၊ သံမဏိစိတ်ဓာတ်တွေကို အရင်းတည်ကာ ၂၀၂၁ မှာလည်း ကျနော်တို့ လူထုက စစ်အာဏာရူးတွေကို ဆက်လက်မောင်းထုတ်ကြပါစို့။
ကျောင်းသား၊ လူငယ်ထု ဦးဆောင်၍ အရေးတော်ပုံ အောင်ရမည်။
#ဆဲဗင်းဇူလိုင်_မမေ့နိုင်
#7JulyMovement
#ဒို့ပြည်သူတွေ_ညီရဲလားဟေ့
#ကျောင်းသားပြည်သူ_ညီရဲ့လားဟေ့
#ကြောက်ခေတ်ကို_မှောက်ပစ်ကြ
#ကမ္ဘာမကြေဘူး
#မလျော့ဘူး
#သွေးမအေးဘူး
#နောက်မဆုတ်ဘူး
#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်
#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
#အရေးတော်ပုံ_အောင်ရမည်
Sunday, 4 July 2021
A fapa le minung pali thihdan ralhrang nih an pek hna.
Yangon sang pakhat ah unau rual minung pali cu ralhrang nih an tlaih hna i thihdan an pek hna ti si, sualnak ngeilo ralhrang nih an duhduh in mipi thihdan an pek mi hna hi minung 60 an si tiah AAPP nih thawng an thanh.
Hi hna unau pali hi hringtu a pa nih a thih tak cang hna i hringtu an nu lawng nih a nunpi hna hringtu an nu lungthin a kekkuai tuk kafale hi zeihmanh sualnak an ngeilo zeiruangah dah thihdan an pek hna timi ka ruah ah ka lungfak tuk ati.
Asinain ruahchannak aum ko NUG nih cozah țha tein a tlaih khawh cun an chuah ko hna lai zeicahtiah sualnak ngeilomi an si kha zapi nih theih an si ko i ralhrang nih ralhrang an si bangin an duhduh in mipi sualnak ngeilo 888 an kan thah cang ko cu
Annih cu ralhrang an si bantukin zeitik hmanh ah nawl an ngeilo i vawlei cung ram hna zong nih an doh hna i hramhram in uknak a firtu le mithat lainawng cazin ah an chiah cang hna.
A ra laimi September thla ah UN meeting an tuah lai i cu hnu cun NUG kha Myanmar rampi cozah caah pom a si lai i cu hnu cun ralhrang cu an cawl kho ti lai lo mipi nih kan duhning in kan tuah ve cang hna lai.
Caan karlak chungah mipi nih lungfim te le ralring tein kan um a herh i raltha tein kan doh hna zong a biapi tuk,lungdong lo tein teirial chuah ko hna usih teinak kan hmuh hrimhrim lai.
Friday, 2 July 2021
Athi Cang
Minung sining ah hodah mithih ah lung aa lawm kho bal cun hipa hi thi seh tiah saduhthah ngeih zong hi minung phung asi fawn lo sinain atu ralhrang hruaitu Min Aung Hlaing hi cu Myanmar mipi nih thi sehlaw tiah saduhthah ciomi asi.Rampi uknak a fir lengah sualnak ngeilo mipi 888 a thah cang hna cu lawng si lo in a cheu cu thihdan an pek mi hna an um i a cheu cu kum 20 tiang thongthlak dingin bia an khiahpiakmi hna an um,a sualning hi a fah tuk caah rampi mipi nih thi seh tiah saduh kan thah cio nak asi.Tuzing fb ka kau i Myanmar mipi nih a thi cang tiah an tarmi hmanthlak ka hmuh a sullam cu thi seh ti duhnak saduhthah asi,minung hi mizeibantuk kan si hmanh ah thil țhalo kan tuah ahcun kan tuahning tein kutdong sawh colh kan si pinah kan nunnak a dih tiang saduhthah piak kan si ko.
Minung kan thih cu kan dihnak a si cang i vawlei ah zeitik hmanh ah hmuh khawh kan si tilo ni a si a fak bik mi ngaihchiatnak ni a si nain ralhrang hruaitu Min Aung Hlaing hi cu thi sehlaw rampumpi in lunglawmhnak puai tuah ding asi hnga.
Ralhrang khawngcil nih meithal in an kah
Ha🥺🥺အကိုလျှံဖြိုးအောင်အတွက် Speak Outလုပ်ပေးဖို့ တောင်းဆိုပါတယ်။ 🙏
🔴ခြေထောက်ထိခိုက်မှုအတွက် လမ်းလျှောက်နိုင်ရန်
လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်နေပါတယ်။
🔴လက်တစ်ဖက် ဆုံးရှုံးထားရပြီး
မျက်နှာသစ်တာက အစ အလေး/အပေါ့ အဆုံး
အကုန်လုံးကို မိသားစုဝင်တစ်ဦးဦးက
လုပ်ပေးနေရတဲ့အတွက်
ကိုယ်တိုင် ဘာမှမလုပ်နိုင်သေးတဲ့သူပါ။
ဘေးကနေ ကူပေးမယ့်သူ လိုအပ်ပါတယ်။
🔴ညာဖက်မျက်လုံး ထိခိုက်မှုအတွက်
မျက်ကြည်လွှာ အရေးပေါ် ကုသမှု လိုအပ်နေပါတယ်။
🚫 အမြင်အာရုံ ဆုံးရှုံးလုနီးပါး
တစ်ဖက်သားကို မှီခိုနေရဆဲအခြေအနေဖြစ်သော
အကို လျှံဖြိုးအောင်ကို
ဆက်လက် ဆေးကုသခွင့် မပေးဘဲ
ထောင်သွင်း အကျဉ်းချခြင်းကို
ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ 🚫
အကို လျှံဖြိုးအောင်ကို
ညာဖက်မျက်ကြည်လွှာ ကုသခွင့် ပေးရန်
ဆက်လက် ဆေးကုသခွင့်ပေးပါရန်
အနူးအညွတ် တောင်းဆိုပါတယ်ရှင့်။ 🙏
I would like you to ask you to speak out for
KO HLYAN PHYO AUNG. 🙏
📌Speak out together rather than share📌
He need to do exercise to be able to walk for leg injuries. He had lost one arm and he can't do anything by himself. He need a help to take care for him by someone just like familiar. And he need a urgent cataract treatment for his right eye. We strongly object to the imprisonment of KO HLYAN PHYO AUNG who is on the verge of vision lost without medical treatment.
PLEASE Allow
KO HLYAN PHYO AUNG's eye treatment. 🙏
#Speak_Out_For_Hlyan_Phyo_Aung
#Save_A_Person_Who_Disable_and_Nearly_Blind
#Still_Need_Medical_Treatment
#What_Happen_In_Magway_Myanmar
#savemyanamar
#speakout
#up
No Credit required.Speak Out Please.
Creditတွေ ဘာတွေ မလိုပါဘူး။
အကို လျှံဖြိုးအောင်အတွက် Speak Outပေးပါ။
Please 🙇♥️
Photos From Hlyan Phyo Aung Account. ♥️
Lam an zawhnak ah ralhrang khawngcil nih meithal in an kah i a orhlei kut a bul pinah a orhlei mit a caw rih ngaihchia taktak asi,mah lengah an tlaih i atu hi insing thong ah an thlak rih ti si.Myanmar ralhrang Ma A La Pawl.
မြန်မာပြည်က အဓမ္မဝါဒီ စစ်မိစ္ဆာများ
(မြန်မာစစ်တပ်ဟာ သူတို့စစ်အုပ်စုကို ယှဥ်နိုင်မဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းဟူသမျှ အလိုမရှိသလို ဒီမိုကရေစီအင်အားစုတွေကိုလည်း အလိုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အဆုံးမရှိတဲ့ စစ်အာဏာရှင်ကြီးစိုးရေးဆီကို အစဥ်တစိုက် ဦးတည်နေလို့ပါပဲ။ ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်)
၁၉၆၂ နောက်ပိုင်း မြန်မာပြည်ကို စစ်အုပ်စုအလိုကျ စိတ်ကြိုက်ပုံသွင်း အုပ်ချုပ်ခြယ်လှယ်ခဲ့ပြီး ပြည်သူတွေ စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံနိုင်တော့တဲ့အထိ ခါးခါးသီးသီး ဖြစ်သွားရလောက်အောင် စစ်အုပ်စုကပဲ စနစ်တကျ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပင်လုံမှာ အစပြုခဲ့တဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးဟာလည်း အမြစ်ပါမကျန်အောင် ချေဖျက်ဖို့အစဥ်တစိုက် ကြိုးပမ်းနေခဲ့တာလည်း စစ်အာဏာရှင်တွေပါပဲ။ ဒါကြောင့်လည်း ယနေ့အထိ အကောင်အထည်မဖော်နိုင်ပဲ တိုင်းရင်းသားပြည်သူတွေဟာ လွတ်လပ်ရေးရဲ့အနှစ်သာရနဲ့ ဝေးနေဆဲ ဖြစ်ပါတယ်။ လက်ရှိပြဿနာရဲ့ အဓိကတရားခံဟာလည်း စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုသမိုင်းအကျဥ်း
အမှန်မှာ စစ်ဗိုလ်ချုပ်ကြီး ဦးနေဝင်းဟာ လွတ်လပ်ရေးရခါစ ၁၉၅၀ပြည့်လွန်က နိုင်ငံတော်အာဏာကို သိမ်းယူဖို့ စတင်ကြိုးစားခဲ့ပါတယ်။ နောက်လိုက်အင်အား မရှိလို့ အာဏာသိမ်းဖို့ အစီအစဥ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ၁၉၅၈ ခုနှစ်မှာ အာဏာသိမ်းဖို့ ဒုတိယအကြိမ် ထပ်မံကြိုးစားခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဦးနုက လက်မခံတာကြောင့် ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၈ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးနေဝင်းကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းပြီး အိမ်စောင့်အစိုးရဖွဲ့စေခဲ့ပါတယ်။
၁၉၆၂ မှာတော့ စစ်ဗိုလ်ချုပ်ကြီး ဦးနေဝင်းဟာ တိုင်းပြည်မျက်နှာကို မထောက်တဲ့အပြင် လူနည်းစုတိုင်းရင်းသားတွေ တောင်းဆိုခဲ့တဲ့ ဖက်ဒရယ်ကို ခွဲထွက်ရေးလမ်းစဥ်အဖြစ် ပုံဖော်ကာ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာအလုံးစုံကို အဓမ္မသိမ်းယူခဲ့ပါတယ်။ အာဏာအလုံးစုံကို ကျင့်သုံးနိုင်ခဲ့သော်လည်း နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းပဲ မျက်ကွယ်ပြုခဲ့တာကြောင့် လူထုတော်လှန်ရေးလှုပ်ရှားမှုဟာ အကြိမ်ကြိမ်ဖြစ်ပွားရာကနေ ၁၉၈၈ မှာ လူထုအုံကြွမှုကို အကြောင်းပြုပြီး ထပ်မံ အာဏာသိမ်းပြန်တယ်။ ဒီမိုကရေစီအရေးအတွက် ပြည်သူတွေဟာ အသက်သွေးပေါင်းများစွာ စတေးခဲ့ကြပြီးနောက် စစ်တန်းလျားပြန်မယ်၊ ပြည်သူ့အာဏာကို ပြည်သူကိုပြန်ပေးပါမယ် ဆိုပြီး ကတိဂဝတ်တွေ ပေးခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲအပြီး လူထုမျှော်လင့်ချက်တွေဟာ ရေဆုန်မျောသွားခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့ကြသော်လည်း တိုင်းပြည်ဟာ ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ခဲ့သလို နိုင်ငံရေးပြဿနာတွေကိုလည်း နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့တာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့လည်း အလှမ်းဝေးနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်အလွန်မှာတော့ ကမ္ဘာ့အလယ်မှာ ဦးမော့လာနိုင်တော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အရိပ်အယောင် မြင်လာရချိန်မှာပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှာ မဲစာရင်းကို အကြောင်းပြုပြီး အစဥ်အလာမပျက် အာဏာရူးရောဂါဆိုးကြီးကြောင့် အာဏာသိမ်းခံရပြန်တော့ ပြည်သူတွေမှာ အနာဂတ်မရှိ မျှော်လင့်ချက်တွေ ပျက်တုံးရတော့မယ့် အခြေအနေကို ဆိုက်ရောက်နေတာ ဖြစ်ပါတယ်။ အာဏာရူးတာဟာ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေတာ ဖြစ်ပါတယ်။
ပြည်သူ့ချဥ်ဖတ်တပ်မတော်
မြန်မာပြည် လွတ်လပ်ရေး၊ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ၁၉၄၁ ခုနှစ်က သခင်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်အဖွဲ့မှ စတင်တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ၁၉၆၂ ကနေစပြီး တပ်မတော်ရဲ့ ရပ်တည်ချက် အယူဝါဒဟာ စစ်ဗိုလ်ချုပ်တွေအတွက် အသက်ပေးဖို့ရန် တည်ထောင်ထားတဲ့ အာဏာရှင်လက်ကိုင်တုတ် စစ်တပ်သဖွယ် တဖြေးဖြေး အသွင်ပြောင်းလာတာ အခုဆိုရင် အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ မူလရပ်တည်ချက်တစ်ခုဖြစ်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးကိုပါ လျစ်လျူရှုခဲ့တာ စစ်ဗိုလ်ချုပ်ကြီး ဦးနေဝင်း ခေတ်ကနေ ယခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထိပါပဲ။
စစ်အုပ်စုဟာ တိုင်းပြည်ရဲ့လိုအပ်ချက်တွေ၊ ပြည်သူလူထုရဲ့ လိုလားချက်တွေကို လိုက်လျောဖို့ထက် သူတို့ရဲ့အကျိုးစီးပွားအပေါ်မှာပဲ အစဥ်တစိုက် အာရုံစိုက်နေခဲ့သလို လက်ရှိ အာဏာသိမ်းမှုပြဿနာရဲ့ ဇစ်မြစ်ဟာလည်း သူတို့အကျိုးစီးပွားကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၆၂ နောက်ပိုင်း စစ်အာဏာရှင်စနစ်အောက် ကျရောက်ပြီးတဲ့နောက်မှာ တိုင်းပြည်စီးပွားရေးဟာ တဖြေးဖြေး ကျဆင်းလာခဲ့ပါတယ်။ နောက်ဆုံးတော့ ပြည်သူတွေဟာ ဆင်းရဲဒုက္ခနဲ့ သိက္ခာမဲ့တဲ့ နိုင်ငံသားတွေအဖြစ် ရှိနေခဲ့ပြီး တိုင်းပြည်လည်း ကမ္ဘာမှာ အဆင်းရဲဆုံးစာရင်းဝင်တဲ့ အခြေအနေအထိ ရောက်ရှိနေခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေကတော့ အံ့သြစရာကောင်းလောက်အောင် အင်မတန် ချမ်းသာကြွယ်ဝခဲ့ကြတာ ယနေ့အထိပါပဲ။ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေဆိုရင်လည်း အချိန်တိုအတွင်း အလွန်ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင် သူဌေးတွေ ဖြစ်လာကြပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားနဲ့ဆိုင်တဲ့ ဇတ်လမ်းတွေကို အသေးစိတ်ပြောရင် ထိတ်လန့်စရာကောင်းတဲ့ ဖြစ်စဥ်တွေ များစွာရှိပါတယ်၊ ဒါ စဥ်းစားလို့ရအောင် အခြေအနေကို ချပြတာ ဖြစ်ပါတယ်။
ဆိုတော့ တိုင်းပြည်နဲ့ပြည်သူကို အကာအကွယ်ပေးမယ့် တပ်မတော်ဟာ ပြည်သူကို ဆယ်စုနှစ်ပေါင်းများစွာ မတရားအုပ်ချုပ်ခြယ်လှယ်ခဲ့တဲ့အပြင် သူတို့အကျိုးစီးပွားအတွက် ပြည်သူ့အသက်ပေါင်းများစွာကို မတရားနှိပ်စက် သတ်ဖြတ်ပြီး လူမဆန်တဲ့လုပ်ရပ်တွေ များစွာကျူးလွန်ခဲ့တာကြောင့် ယခင် မူလက ပြည်သူတွေ ကြည်ညိုလေးစားခဲ့ရတဲ့ မြန်မာ့တပ်မတော်ဟာ ယခုဆိုရင် ပြည်သူ့ချဥ်ဖတ်တပ်မတော် ဖြစ်နေပါပြီ။
သူတို့ပြောတဲ့ အတုအယောင် ဒီမိုကရေစီ
NLD အရပ်သားအစိုးရခေတ် ၂၁ ရာစုပင်လုံ ဒုတိယနှင့်တတိယအကြိမ် အစည်းအဝေးမှာ စာရေးသူတက်ရောက်ခဲ့စဥ် စစ်ဗိုလ်ချုပ်တွေရဲ့ ဆွေးနွေးချက်တွေကို ကြည့်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့ပဲ ပြည်တွင်းစစ် ကြာရှည်ရခြင်းရဲ့ အဓိကဇစ်မြစ်ကို တွေ့ရှိခဲ့ပါတော့တယ်။ နိုင်ငံရေးပြဿနာကို အဖြေရှာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ စစ်အုပ်စုအနေနဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးကို လက်တွေ့ကျကျ ဆွေးနွေးအဖြေရှာဖို့ အားနည်းခဲ့တဲ့အပြင် မလိုအပ်ဘဲ ဒို့တာဝန်အရေးသုံးပါးကို လက်နက်သဖွယ် ရည်ညွန်းပြီး ပြောဆိုလေ့ရှိတာကြောင့် နိုင်ငံရေးဆွေးပွဲ ခေတ္တ ရပ်ဆိုင်းသွားခဲ့ရတဲ့အထိ ဖြစ်သွားခဲ့တာ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။
ထို့အပြင် စစ်အုပ်စုရဲ့ နိုင်ငံရေးအရ ဆွေးနွေးချက်များဟာ စည်းလုံးညီညွတ်မှုကို အထောက်အကူမပြုတဲ့အပြင် ပြည်ထောင်စုပြိုကွဲစေမယ့် လမ်းကြောင်းဘက်ကိုပါ အားပေးပြောဆိုရာရောက်နေတယ်လို့ မြင်ပါတယ်။ ဒါဟာ အချင်းချင်းအကြား ယုံကြည်မှုကို ထိခိုက်စေပါတယ်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်က တိုင်းရင်းသားခေါင်းဆောင်တွေကို အပေါ်စီးကနေ ဆွေးနွေးလေ့ရှိတဲ့ အချက်ဟာလည်း ပြည်ထောင်စုတည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ဒါ သင်ခန်းစာယူရမယ့်အချက်တွေလို့ မြင်ပါတယ်။ တကယ်တော့ တိုင်းပြည်ကို စိတ်ရင်းအမှန်နဲ့ အားလုံးစည်းလုံးပြီး တိုးတက်ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုမနေသင့်ပဲ ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကို လက်တွေ့ကျကျ ဖော်ဆောင်ရမှာပဲ မဟုတ်လား...။
၁၉၆၂ နောက်ပိုင်း နှစ်ပေါင်း ၅၉နှစ်အတွင်း မြန်မာ့တပ်မတော်ဟာ တမင်းတပြည်ထောင်ဝါဒီကို လက်ဆွဲကျင့်သုံးခဲ့ပြီး ပြည်ထောင်စုအရေးကို လုံးဝ လျစ်လျူရှုခဲ့တဲ့ ဖြစ်စဥ်တွေကြောင့် စစ်အုပ်စုတို့ အခိုင်အမာဆွဲကိုင်ထားတဲ့ ဒို့တာဝန်အရေးသုံးပါး ဆိုတာလည်း အနှစ်သာရမရှိတော့သလို လွတ်လပ်ရေးနှင့်အတူ နိုင်ငံရေးအယူအဆကွဲလွဲရာမှ ဖြစ်ပွားလာခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခဟာလည်း သက်ဆိုးရှည်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဆိုခဲ့ပါအချက်တွေကိုကြည့်ရင် ၂၀၁၁ နောက်ပိုင်း ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး ဆိုပြီး တပ်မတော်က ပြောဆိုလာခဲ့သော်လည်း လူကြားကောင်းအောင်သာ ပြောဆိုနေတာဖြစ်တယ်ဆိုတာ သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ သူတို့လိုလားတဲ့ ဒီမိုကရေစီဆိုတာဟာလည်း အတုအယောင် ဒီမိုကရေစီသာဖြစ်တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီကို အမှန်တကယ်လိုချင်တယ်ဆိုရင် ပြည်သူလူထုရဲ့သဘောထားကို လေးစားလိုက်နာရမှာ မဟုတ်လား။ သူတို့ ပြုခဲ့သမျှ မတရားမှုတွေ၊ လက်ရှိ ကျူးလွန်တဲ့ပြစ်မှုတွေဟာ ဒီမိုကရေစီကို အလိုမရှိတဲ့ သူတို့ရဲ့သဘောထား သရုပ်အမှန်ကို လက်တွေ့ကျကျ ဖော်ထုတ် ပြသ နေတာပဲဖြစ်ပါတယ်။
ပြည်ထောင်စုကိုဖျက်ဆီးတဲ့ တရားခံစစ်အုပ်စု
မြန်မာ့တပ်မတော်ဟာ ၁၉၄၈ လွတ်လပ်ရေးအလွန် နှစ်ပေါင်း ၇၃ နှစ်အတွင်း စစ်အာဏာသိမ်းဖို့ ကြိုးစားတာ အခုဆို (၅)ကြိမ်ရှိပါပြီ။ ၁၉၆၂ ခုနှစ် တတိယအကြိမ်မှာ အာဏာအလုံးစုံကို သိမ်းပိုက်လိုက်ပြီးနောက် လွတ်လပ်ရေးအကြိုကာလ နိုင်ငံရေးမျှော်မှန်းချက်များလည်း ပုံစံမျိုးစုံနဲ့ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖျက်ဆီးခံခဲ့ကြရပါတယ်။ ၁၉၄၇ ပင်လုံသဘောတူစာချုပ်အရ ပြည်ထောင်စုတည်ဆောက်ရေးမှာ ဖက်ဒရယ် နှင့် ဒီမိုကရေစီမူတွေကို အခြေခံရမယ်လို့ ကတိဂဝတ်တွေ ရှိခဲ့သော်လည်း လွတ်လပ်ရေးအလွန်မှာတော့ ထိုကတိဂဝတ်တွေဟာ သမိုင်းဝင်အဖြစ်သာ ရှိနေပါတော့တယ်။
၂၀၁၆ NLD အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပင်လုံသဘောတူညီချက်ကို ပြန်လည်အသက်သွင်းပြီး တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကနေ နိုင်ငံရေးဆွေးနွေးမှုနည်းလမ်းဖြင့် အဖြေရှာရန် NLD အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ပြည်ထောင်စုအတွက်အရေးကြီးတဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဌာန်းချက်တွေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)အထိကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအရေးကို မျက်ကွယ်ပြုပြီး လူထုအပေါ် စနစ်တကျ ယုတ်မာရက်စက်တဲ့ အာဏာရှင်စစ်အုပ်စုက သူတို့ရဲ့အကျိုးစီးပွားအတွက် ထပ်မံအာဏာသိမ်းခဲ့ပြန်တာကြောင့် ပြည်သူလူထု လိုလားတောင့်တနေတဲ့ ပြည်ထောင်စုအိမ်မက်လည်း ထပ်မံပျက်ဆီး ဆုံးရှုံးခဲ့ရပြန်ပါတယ်။
တပ်မတော်၏ သရုပ်အမှန် မိစ္ဆာဝါဒီ
ပြည်သူလူထုဟာ စစ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွေ နေရာအနှံ့မှာ စတင်လာခဲ့ပြီး လမ်းမတွေပေါ်မှာလည်း အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေဟာ ရက်ကြာလာချိန်မှာတော့ စစ်ကောင်စီဟာ အထိနာလာခဲ့ပြီး အာဏာသိမ်းမှု အောင်မြင်ရေးအတွက် တပ်မတော်ဘက်က ကျည်အစစ်တွေအသုံးပြုကာ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေ စတင်ပြုလုပ်လာပါတော့တယ်။ စစ်အုပ်စုရဲ့ လူမဆန်တဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ဆိုတာ တိုင်းပြည်နှင့်ပြည်သူကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်တပ်ကတော့ တိုင်းပြည်နှင့်ပြည်သူကို ကာကွယ်ဖို့ မဟုတ်တော့ဘဲ စစ်တပ်အကြီးအကဲတွေရဲ့ အကျိုးစီးပွားကိုသာ အလွန်အမင်းကာကွယ်ရင်း ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူပေါင်း ၉၀၀ နီးပါး ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခံရပြီး၊ ၆၀၀၀ ကျော် မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့အပြင် ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ မတရား လုယူ သိမ်းပိုက်ဖျက်ဆီး ရွာတွေမီရှို့ စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာ့တပ်မတော်ဟာ အကြမ်းဖက်အဖွဲ့အဖြစ် လူ့အဖွဲ့အစည်းက သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ အမှန်မှာတော့ ခေတ်အဆက်ဆက်က ယုတ်မာရက်စက်တဲ့ စစ်တပ်ရဲ့ သဘောထား သရုပ်အမှန်ကို လူသိရှင်ကြား ဖော်ထုတ်ပြသလိုက်တဲ့သဘောလို့ ဆိုရမှာဖြစ်ပါတယ်။
တကယ်တော့ မြန်မာစစ်တပ်ဟာ သူတို့စစ်အုပ်စုကို ယှဥ်နိုင်မဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းဟူသမျှ အလိုမရှိသလို ဒီမိုကရေစီအင်အားစုတွေကိုလည်း အလိုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အဆုံးမရှိတဲ့ စစ်အာဏာရှင်ကြီးစိုးရေးဆီကို အစဥ်တစိုက် ဦးတည်နေလို့ပါပဲ။ ဒါကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ အလိုမရှိသလို သူဦးဆောင်တဲ့ NLDပါတီကိုလည်း သူတို့ အလိုမရှိပါဘူး။ တိုင်းပြည်အပေါ် ဘယ်လောက်ပဲ ရိုးသားပြီး ကောင်းကျိုးပြုနေသူ/ ပြုနိုင်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဖြစ်နေပါစေ စစ်အုပ်စုအတွက် အသုံးမဝင်ရင် သူတို့အလိုမရှိပါဘူး။ ဒါ စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ မိစ္ဆာဝါဒီပါပဲ။
အဆိုပါ စစ်မိစ္ဆာဝါဒီသမားအုပ်စုဟာ သူတို့ရဲ့အကျိုးစီးပွားအတွက် အာဏာတည်မြဲရေးကို အသည်းအတန် ကြိုးပမ်းနေကြပါတယ်။ ထိုအကျိုးစီးပွားအတ္တတွေဟာ လွန်ကဲတာကြောင့် တိုင်းပြည်အတွက်ရော၊ ပြည်သူအတွက်ပါ အလွန်အန္တရာယ်များပါတယ်။ သူတို့မလိုလားတဲ့ သက်ရှိသက်မဲ့ဟူသမျှကိုလည်း တန်ဖိုးထားမှုမရှိပဲ အဓမ္မပြုကျင့် ဖျက်ဆီးတဲ့သူတွေ ဖြစ်ပါတယ်။ ထိုသူတို့မှာ နိုင်ငံသားချင်းအပေါ် လူသားဆန်သော ကိုယ်ချင်းစာတရား၊ မေတ္တာစေတနာ၊ အများပြည်သူ ကောင်းကျိုးအတွက်ဟူ၍ မရှိပါ၊ အားလုံးသည် သူတို့၏ အကျိုးစီးပွားနဲ့ အာဏာ အတွက်သာ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ပြည်သူအပေါ် "စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိဘူး"လို့ ပြောခဲ့တာဖြစ်ပါတယ်။
သုံးသပ်ချက်/အတွေးအမြင်
မြန်မာနိုင်ငံမှာ တိုင်းပြည်ရော ပြည်သူအများစုကပါ ဆင်းရဲမွဲတေနေပေမယ့် စစ်အင်အားတောင့်တင်းဖို့ကိုသာ ဇောင်းပေးပြီး ပြည်သူ့ဘဏ္ဍာများစွာ အသုံးပြုခဲ့တာတွေဟာ တိုင်းပြည်ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်ထက် နိုင်ငံရေးကဏ္ဍမှာ စစ်အုပ်စုအနေနဲ့ အစဥ်တစိုက်ကြီးစိုးနိုင်ရေးအတွက်ကိုပဲ အဓိကထားပြီး စနစ်တကျ စီစဥ်ခဲ့တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အကြိမ်ကြိမ် အာဏာသိမ်းခဲ့တာပဲ မဟုတ်လား။ အာဏာသိမ်းတဲ့ သမိုင်းတလျှောက်လုံးကို ကြည့်ရင်လည်း အမျိုးမျိုးအကြောင်းပြချက်တွေ ပေးနေခဲ့ပေမယ့် နိုင်ငံရေးအရ လက်တွေ့ကျပြီး လက်ခံနိုင်စရာရှိတဲ့ အကြောင်းပြချက်မျိုး မတွေ့ရပါဘူး။ အာဏာသိမ်းရတဲ့ အကြောင်းပြချက်ထက် အာဏာသိမ်းရခြင်း၏ ရည်ရွယ်ချက်က အဓိကအချက် ဖြစ်နေလို့ပါပဲ။
အကယ်၍ လက်ရှိအကြမ်းဖက် စစ်ကောင်စီဟာ အာဏာတည်မြဲသွားရင် အလွန်ဆုံးရရင်တောင် စစ်အာဏာရှင်အလိုကျ အတုအယောင် ဒီမိုကရေစီပဲ ရနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးမျိုးရဖို့တော့ အင်မတန်ခက်ခဲပြီး သဲထဲရေသွန်သလို အဖတ်ဆည်မရတဲ့အထိ အလှမ်းဝေးသွားနိုင်စရာ ရှိပါတယ်။ ဒီလိုပြောလို့ စစ်ကောင်စီက အချိန်တန်ရင် ရွေးကောက်ပွဲ ပြန်လုပ်မှာပဲဆိုပြီး မေးစရာရှိပါတယ်၊ ဟုတ်ပါတယ်။ အဖြေကလည်း ရိုးရှင်းပါတယ်။ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးစနစ်မျိုး မဟုတ်ပဲ စစ်အုပ်စုအလိုကျ နိုင်ငံရေးမျိုးကိုသာ စနစ်တကျဖန်တီးချင်လို့ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်အကြောင်းပြပြီး အာဏာသိမ်းတာ ဖြစ်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက အာဏာတည်မြဲသွားရင် ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေကနေ အဆုံးမသတ်နိုင်တဲ့ ပြည်တွင်းစစ်မီးကြောင့် ၁၉၄၇ ခုနှစ် ပင်လုံမှာ အစပြုခဲ့တဲ့ ပြည်ထောင်စုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်ပါတယ်။
အာဏာသိမ်းမှုကို လက်မခံပဲဆန့်ကျင်တဲ့ ပြည်သူလူထုကို လူမဆန်စွာ မတရားနှိပ်စက် ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အသက်ပေါင်းများစွာ သေဆုံးခဲ့ကြပေမယ့် စစ်ကောင်စီဟာ နောက်ပြန်မဆုတ်ပဲ အာဏာတည်မြဲရေးကိုသာ ဦးတည်ကြိုးပမ်းနေတာကို ကြည့်ရင် ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားတဲ့ ဒီမိုကရေစီမျိုးကို လိုလားတာလား၊ စစ်အာဏာရှင်အလိုကျ အတုအယောင် ဒီမိုကရေစီမျိုးကို အလိုရှိတာလားဆိုတာ ကွက်ကွက်ကွင်းကွင်းနဲ့ အဖြေက အထင်းသားကြီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုတစ်ရပ်လုံးဟာ အကြမ်းဖက်စစ်ကောင်စီ ဖြုတ်ချရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ နေ့စဥ်ရက်ဆက် မရပ်မနားနိုင်ပဲ လူထုတော်လှန်ရေးအရှိန်ဟာ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဒီမိုကရေစီအမည်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ၊ လူမျိုးစုအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့လည်း အနာဂတ်ကို အသက်နဲ့ရင်းပြီး ဘက်ပေါင်းစုံက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေကို အတုယူပြီး တရားမျှတမှုနဲ့ အမှန်တရားဘက်က ရပ်တည်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။
နိဂုံးပိုင်း
နှစ်ပေါင်းများစွာ စစ်အုပ်စုကိုယ်တိုင် မိမိတို့အလိုကျ ဦးဆောင်ရေးဆွဲ အတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုံလောက်တဲ့ သက်သေအထောက်အထား အခိုင်အမာမရှိပဲ အာဏာသိမ်းခဲ့တယ်။ အခုဆိုရင် အချိန်အားဖြင့် (၅)လ ကျော်လာခဲ့ပေမယ့် ကမ္ဘာကြီးကို ချမပြနိုင်ပဲ သူတို့ရဲ့ ယုတ်မာရက်စက်တဲ့ အဓမ္မမိစ္ဆာဝါဒီ သရုပ်အမှန်ကိုသာ နေ့စဥ်ထုတ်ပြနေတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီအရေးအတွက် အသက်ပေါင်းများစွာ ပေးဆပ်ရင်းနှီးခဲ့ပြီးမှ ရရှိလာခဲ့တဲ့ အရပ်သားတစ်ပိုင်းအစိုးရကို မနှစ်သက်ခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းကနေ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အသွင်ပြောင်းနိုင်ရေးအတွက် ဒီမိုကရေစီအင်အားစုတွေကို တခဲနက် အားပေးထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် အဓမ္မဝါဒီ အကြမ်းဖက် စစ်အုပ်စုဟာ သူတို့အကျိုးစီးပွားအတွက် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံသားတွေအပေါ် အဓမ္မ အနိုင်ကျင့်ဗိုလ်ကျ အုပ်ချုပ်ခြယ်လှယ်ခဲ့တာကို အရသာတွေ့နေပြီး မတော်လောဘတွေကြောင့် တိုင်းပြည် အဘက်ဘက်က ယိုယွင်းပျက်ဆီးလာမှာကိုတောင် ဂရုမစိုက်နိုင်တော့ပဲ အလုံးစုံပျက်တုံးရေးကို ဦးတည်လာတဲ့အထိ ပြည်သူ့ဆန္ဒကို လုံးဝ မျက်ကွယ်ပြုနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ခေါင်းဆောင်တွေရဲ့ အမွေဆိုးကြီးဖြစ်တဲ့ အဓမ္မဝါဒီ စစ်မိစ္ဆာတွေကို မြန်မာ့မြေမှ အပြီးတိုင် အမြစ်ပြတ်ချေမုန်းဖို့ ပြည်သူတရပ်လုံး အမှန်တရားနဲ့တရားမျှမှုကို လက်ကိုင်စွဲပြီး ပြည်သူ့လွတ်မြောက်ရေးအတွက် စည်းလုံးမှုအင်အားနဲ့ ဘက်ပေါင်းစုံက ရတဲ့နည်းဖြင့် စုပေါင်းတိုက်ထုတ်ကြဖို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။
အရေးတော်ပုံအောင်ရမည်
နွေဦးကိုကို(ဟုမ္မလင်း)
Myanmar ralhrang nih an thah.
(2.7.2021) Speak Out Please🙏🏻
ပြည်မြို့ ဖိုးခေါင်ရပ်ကွက်နေ
ကိုစိုးမင်း ကို 29 ရက်နေ့ညပိုင်းတွင်
ဖမ်းစီးသွားပြီး ယနေ့မနက်မှာတော့
အလောင်းသာပြန်ပေးခဲ့😔💔
Kawlram Pi timi khuapi pakhat ah 29.6.2021 ah an tlaih i sualnak ngeilo mikhat cu 2.7.2021 ah a ruak ra la u tiah a chung le ralhrang nih an chawnh hna.
An tlaih lio ah zeihmanh zawtnak a ngeilo ralhrang nih an thah hrimhrim i si ko tiah an chim, a chungril zong an hlai dih tiah a hmanthlak he mipi theihternak an ngeih hna.



















