Myanmar aiawk vawleicung UNO lamkal a simi u Caw Mu Tun cu 7.8.2021 ah thah an timh ti asi,hi thawngpang hi a hlankanh in U Caw Mu Tun nih a theih cia, mi pakhat nih fon a ka chawnh i nangmah thah dingah mițhalo Myanmar mi an phan tiah a chimh,mah thawngpang a theih sin in USA cozah rianțuantu thawng a thanh hna i chunzan in an ven.
Cu taktak ah a thattuding minung pahnih cu USA an phan taktak USA FBI nih an kawl hna i nihin ah an tlaih colh hna,bia an hal hna i hitin an chim,hi a thattuding minung pahnih hi kum 28 le kum 24 mino an si ti asi,an chimmi cu Thailand meithal puaisa nih U Caw Mu Tun thah dingin a kan fial phaisa zong USA dollar 4000 a kan pek cang cun USA kalnak vanlawng tiket zong amah nih a kan cawkpiakmi asi, A hnuah dollar 1000 kan kuat țhan hna lai tiah a kan ti rih.
Mithah lainawn tiang a ngamhmi Myanmar mino pahnih hi US cozah nih bia an ceih hna lai i kum nga tiang thongtlak khawh asi an ti,an thah manh hlanah an tlaih manh hna cu lawmh aum tuk hringhran that hna sehlaw atu lio Myanmar aiawh in UNO i biachimtu le mipi dirkamhtu kan ngei ti hna lo i ralhrang Min Aung hruaimi phu nih Myanmar rampi cu an uk lan ko hnga.
Atu tiangah cun ralhrang Min Aung Hlaing nih a hruaimi phu nih zwihmanh an tuah kho rih lo thla 6 a tling cang zei taktak hmanh an kal khawh pimi aum rih lo mipi nih kan tei cuahmah ko hna.
ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်မှု သိရသမျှအကြောင်းစုံ
""""ဒေါ်လာ ၄၀၀၀ ဖြင့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ရန်စေခိုင်းခဲ့သူမှာ ထိုင်းအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစားဖြစ်ကာ NUG အစိုးရထံ ရန်ပုံငွေများမည်သို့ပေးပို့နေသည်ကိုလည်း စုံစမ်းပေးရန် စေခိုင်းခဲ့သည်""""
Myanmar Now
Aug 7, 2021
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သူ လူငယ်နှစ်ဦးမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများဖြစ်ကြပြီး ၎င်းတို့နောက်ကွယ်တွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစားတစ်ဦး ပါဝင်ပတ်သက်နေသည်။
ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သည့် မြန်မာလူငယ်နှစ်ဦးကို အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမေရိကန်တရားရေးဌာန၏ နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက ယမန်နေ့ (ဇူလိုင် ၆) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူငယ်နှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နှင့် ၂၀ အရွယ် ရဲဟိန်းဇော်တို့ဖြစ်ပြီး ဦးကျော်မိုးထွန်း၏ရုံးတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြိုးဟိန်းထွဋ်က အန္တရာယ်ပြုမည့်အစီအစဉ်ကို ဖွင့်ချခဲ့ခြင်းဖြစ်သည်။
■ အဓိကရည်မှန်းချက်နှစ်ခု
မြန်မာစစ်တပ်အတွက် အလုပ်လုပ်ပေးနေသူဟု ယူဆရသည့် လက်နက်ပွဲစားတစ်ဦး ပါဝင်ပတ်သက်နေသော ထိုအစီအစဉ်တွင် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရေးအပြင် ဦးကျော်မိုးထွန်းမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ရန်ပုံငွေများ မည်သို့မည်ပုံပေးပို့နေသည်ကို စုံစမ်းဖော်ထုတ်ပေးရန်လည်း ပါဝင်သည်။
လက်နက်ပွဲစားက ရဲဟိန်းဇော်မှတဆင့် ဖြိုးဟိန်းထွဋ်ထံ အမေရိကန်ဒေါ်လာ ၄၀၀၀ လွှဲပေးကာ စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်မိုးထွန်းနှင့် ပုဂ္ဂိုလ်ရေးအရနီးစပ်မှုရှိသော နယူးယောက်မြို့ရှိ ဦးသောင်းလှိုင်က Myanmar Now ကို ပြောသည်။
“သံအမတ်ကြီးတစ်ယောက်ကို ဒေါ်လာ ၄၀၀၀ လောက်နဲ့ လူငှားရိုက်ဖို့ဆိုတာ ဟိုလူရူးနေသလား မသိဘူး” ဟု ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်မှုကို ဖွင့်ချခဲ့သူ ဖြိုးဟိန်းထွဋ်က ဩဂုတ်လ ၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အသက် ၇၃ နှစ်အရွယ် ဦးသောင်းလှိုင်က ဆိုသည်။
ဖြိုးဟိန်းထွဋ်မှာ ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားကို ဖခင်ဖြစ်သူမှတစ်ဆင့် သိကျွမ်းခဲ့ခြင်းဖြစ်ကာ အဆိုပါ လက်နက်ပွဲစားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူ သမ္မတဦးသိန်းစိန်လက်ထက် ဝန်ကြီးဟောင်း ဦးအောင်မင်း၏ တပည့်တစ်ဦးလည်းဖြစ်သည်ဟု သိရသည်။
သို့သော် လက်နက်ပွဲစားနှင့် ဆက်နွှယ်မှုရှိသည်ဆိုသော ဦးအောင်မင်းဆိုသူမှာ ဝန်ကြီးဟောင်း ဦးအောင်မင်း ဟုတ်မဟုတ်ကိုမူ Myanmar Now အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တပ်အသိုင်းအဝိုင်းမှ လူတချို့နှင့် တွဲရိုက်ထားသည့် ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ ပါဝင်သော ဓာတ်ပုံအချို့ကိုလည်း Myanmar Now က ရရှိထားသည်။
ဖြိုးဟိန်းထွဋ်သည် မြန်မာပြည်တွင်ရှိစဉ်က စစ်တပ်အသိုင်းအဝိုင်းမှ လူတချို့၏ သားသမီးများနှင့်လည်း ပေါင်းသင်းဆက်နွယ်မှုရှိခဲ့ပြီး ၎င်းနှင့် ပေါင်းသင်းခဲ့သူတစ်ဦးတွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးတစ်ဦးဖြစ်သူ ကျော်ကျော်ထွန်းနိုင်လည်း ပါဝင်သည်။ ကျော်ကျော်ထွန်းနိုင်မှာ ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ၏သားဖြစ်သည်။
“ထွဋ်ဆိုတဲ့ကောင်လေးက သူ့အဖေနဲ့ အမေရိကကို လာတယ်။ သူ့အဖေပြန်သွားတော့ မြန်မာပြည်မပြန်ဘဲ နယူးယောက်မှာ ကျန်နေခဲ့တာ။ သူ့အဖေကတော့ ရန်ကုန်မှာ အိမ်ပွဲစား၊ ကားပွဲစားလိုမျိုးလုပ်တယ်လို့ သိရတယ်။ ထိုင်းက လက်နက်ကုန်သည်နဲ့ သူ့အဖေနဲ့က ဆက်စပ်မှုရှိတယ်လို့ သိရတယ်။ ထွဋ်က ခုနောက်ပိုင်းငွေကြေးလည်း သိပ်အဆင်မပြေပါဘူး။ ကျွန်တော်တို့ ဒီမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းက စားသောက်ဆိုင်တို့ဘာတို့မှာ သူ့ကိုနှစ်ခါလောက်အလုပ်ရှာပေးလဲ အလုပ်ကမမြဲဘူး” ဟု ဦးသောင်းလှိုင်က ပြောသည်။
လက်နက်ပွဲစားက ဖြိုးဟိန်းထွဋ်ထံ ဒေါ်လာ ၄၀၀၀ လွှဲပေးရာတွင် ကြားခံဆောင်ရွက်ပေးသူ ရဲဟိန်းဇော်မှာ ရန်ကုန်မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ အငြိမ်းစား စစ်တပ်ဝန်ထမ်းတစ်ဦး၏ သားဖြစ်သည်ဟု သိရပြီး အခြားသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ၎င်း၏ ဖခင်မှာ အထူးစုံးစမ်းစစ်ဆေးရေး (စစစ) တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအေးသိန်းဖြစ်သည်။
"သူ့အဖေက တပ်ကပဲ။ ရာထူးအကြီးပိုင်းထဲကတော့ မဟုတ်ဘူး။ မြောက်ဒဂုံမှာနေတာ။ အမေရိကားကို ကျောင်းသွားတက်တယ်ဆိုတာလည်း သူ့အိမ်က ပံ့ပိုးပေးနိုင်လို့ မဟုတ်ဘဲ အတော်ရုန်းကန်နေရတယ်လို့ သိရတယ်" ဟု ရဲဟိန်းဇော်နှင့် နီးစပ်သူတစ်ဦးထံမှ သိရကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူ လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။
ဒေါ်လာ ၄၀၀၀ ဖြင့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးကို အရိုက်ခိုင်းခဲ့သူမှာ ထိုင်းအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစားဖြစ်ကာ NUG အစိုးရထံ ရန်ပုံငွေများမည်သို့ပေးပို့နေသည်ကိုလည်း စုံစမ်းပေးရန် စေခိုင်းခဲ့သည်
နယူးယောက်မြို့နေ ဦးသောင်းလှိုင်ကလည်း "ဒီကောင်လေး (ဇော်) က တပ်နဲ့ အများကြီး ပတ်သက်နိုင်တယ်။ ထွဋ်ကလည်း မြန်မာပြည်မှာ ကျောင်းကောင်းကောင်းနေခဲ့ရတယ်။ လက်နက်ပွဲစားကြီးက သူ့အဖေကို ကူညီတဲ့အတွက် အင်္ဂလိပ်စာတွေ တော်တော်ကောင်းကောင်း ဖတ်နိုင်တယ်" ဟု ပြောသည်။
ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုမည့် အစီအစဉ်နှင့် ပတ်သက်၍ ဖြိုးဟိန်းထွဋ်က ဦးသောင်းလှိုင်ကို ခေါ်၍ ဖွင့်ချခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် အန္တရာယ်ပြုမည့်အစီအစဉ်ကို သိရှိပြီးနောက် ဦးကျော်မိုးထွန်းနှင့်အတူ FBI ကို သတင်းပို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဦးသောင်းလှိုင်က ပြောသည်။
ဖြိုးဟိန်းထွဋ်မှာ ဦးကျော်မိုးထွန်း၏ လုံခြုံရေးအဖွဲ့တွင် နှစ်ကြိမ်ခန့် စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးခဲ့ဖူးသည်ဟု သိရသည်။
ဒေါ်လာ ၄၀၀၀ ရရှိပြီးနောက် ဖြိုးဟိန်းထွဋ်က ရဲဟိန်းဇော်ကို ထပ်မံဆက်သွယ်ကာ လူငှားတိုက်ခိုက်ရန် ဒေါ်လာ ၁၀၀၀ လောက်ထပ်လိုကြောင်း၊ သံအမတ်ကြီးကို လုပ်ကြံမည့်အစီအစဉ် အထမြောက်ပါက လူမိုက်များကို ပေးရန် ငွေထပ်လိုသေးကြောင်းလည်း၊ ထိုသို့ပြောကြားချက်များကို ဖြိုးဟိန်းထွဋ်က အသံဖမ်းထားခဲ့သည်ဟု ၎င်းတို့နှစ်ဦး၏အမှုကိုကိုင်တွယ်နေသော ရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့နှစ်ဦးမှာ အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ်အမြင့်ဆုံး ၅ နှစ်ထိ ကျခံရနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
■ ထိုင်းအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစား
ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ထွဋ်နှင့် ဇော်ဆိုသော လူငယ်များထံ ငွေလွှဲပေးခဲ့သူမှာ ထိုင်းနိုင်ငံအခြေစိုက် အသက် ၆၀ ခန့်အရွယ် မြန်မာလူမျိုး လက်နက်ပွဲစားတစ်ဦးဖြစ်သည်။
၎င်းမှာ ထိုင်းနိုင်ငံရှိ အမှတ် ၅၉၊ ပထုံ-ဘဂလန်လမ်းမကြီး၊ ပထုံထဏီခရိုင်တွင်တည်ရှိသည့် Chaiseri Defense (ချိုင်ဇာရီ) အမည်ရှိ ထိုင်းလက်နက်ကုမ္ပဏီတစ်ခုနှင့် ဆက်နွယ်နေပြီး ထိုကုမ္ပဏီမှာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများရောင်းချနေသည်ဟု ဖြိုးဟိန်းထွဋ်ထံမှ သိရကြောင်း ဦးသောင်းလှိုင်က Myanmar Now ကို ပြောကြားသည်။
ထိုင်းလူမျိုးပိုင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော Chaiseri Defense သည် တင့်ကားများ၊ စစ်ဖက်သုံး မော်တော်ကားများထုတ်လုပ်ပြီး ကုမ္ပဏီ၏ပိုင်ဆိုင်မှုတွင် ထိုင်းနိုင်ငံသားများကလွဲ၍ အခြားနိုင်ငံသားများပါဝင်သည်ကိုမူ မတွေ့ရှိရပေ။
■ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာ
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံးထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖေဖော်ဝါရီ ၂၆ ရက်က အလွတ်သဘောဆွေးနွေးပွဲတွင် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချရန်၊ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံရေး တိုက်တွန်းရန်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအပေါ် ဖိနှိပ်မှုများ ရပ်တန့်နိုင်ရေး အပြင်ထန်ဆုံးအရေးယူဆောင်ရွက်ရန်နှင့် ရွေးကောက်ခံအမတ်များဖြင့်ဖွဲ့ထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)ကို ထောက်ခံအားပေးရန် ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။
ဦးကျော်မိုးထွန်းသည် ရွေးကောက်ခံအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းခဲ့သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော နိုင်ငံတကာရှိ မြန်မာသံတမန်များကိုလည်း စည်းရုံးသိမ်းသွင်းခဲ့သည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဦးကျော်မိုးထွန်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။
ထို့ပြင် ဦးကျော်မိုးထွန်း၏ နေရာတွင် အစားထိုးရန် စစ်ကောင်စီက စစ်မှုထမ်းသက် ၂၆ နှစ်ရှိ ဗိုလ်မှူးကြီးအောင်သူရိန်ကို ဇူလိုင်လအတွင်း အဆိုပြုခဲ့သော်လည်း ကုလသမဂ္ဂက လက်ခံခဲ့ခြင်း မရှိပေ။
လာမည့် စက်တင်ဘာတွင် ကျင်းပမည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးအတွက် NUG ကိုယ်စားပြု ဦးကျော်မိုးထွန်းနှင့် စစ်ကောင်စီတို့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ်ရှိနေသည်။
"ပြည်သူတွေရဲ့ ပြင်ထန်တဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီနေရာကို ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်အနေနဲ့ ဆက်ရှိသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ဦးကျော်မိုးထွန်းက ယမန်နေ့ (ဩဂုတ် ၆) Myanmar Now ကို ပြောထားသည်။
ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စတင်တာဝန်ယူခဲ့သူဖြစ်သည်။
အသက်အန္တရာယ်ကို ရန်ပြုရန် ကြံစည်ခံရသည့် ကိစ္စနှင့် ပတ်သက်၍မူ အမေရိကန်လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများက စုံစမ်း စစ်ဆေးနေဆဲဖြစ်သဖြင့် အသေးစိတ်ထုတ်ဖော်မပြောလိုကြောင်း ၎င်းက ဆိုသည်။
"ကျွန်တော် အဆင်ပြေပါတယ်။ လုံခြုံပါတယ်ဆိုတာကို သတင်းစကားပါးလိုပါတယ်” ဟု ဦးကျော်မိုးထွန်းက ပြောသည်။
https://www.myanmar-now.org/mm/news/7714